Political Histories of Nations (Draft plan)
(ရေးသားနေဆဲ မူကြမ်းများ ဖြစ်ပါသည်)
- မဏ္ဍလစနစ်
- တိုင်း၊ နိုင်ငံ၊ ခရိုင်များနှင့် ကျေးရွာအုပ်ချုပ်မှု
- ဌာနေလူမျိုးများနှင့် ဘုရင်စနစ်
- နယ်ခြားဖြတ်ကျော် တော်လှန်ရေးများ
ရှေးဗမာပြည်
- အစောပိုင်းကာလ နိုင်ငံတကာဆက်ဆံရေးများ
- ရှေးဗမာပြည်နှင့် အနောက်တိုင်းသားများ
- နိုင်ငံခြားသား ကုန်သည်များနှင့် ရှေးဗမာပြည်
- ကုန်းဘောင်ခေတ် တရုတ်-မြန်မာဆက်ဆံရေး
- ကုန်းဘောင်နန်း၏ ဥရောပသားအမှုထမ်းများ
- နိုင်ငံရေးတွန်းထိုးမှုများ၏အစ
- အင်္ဂလိပ်-ဗမာ စစ်ပွဲများ
- ဗြိတိသျှလက်အောက် စာပေနှင့် နိုင်ငံရေးထိတွေ့မှုများ
- ဂျပန်-မြန်မာဆက်သွယ်မှု
- မီနာမီကီကန်မှ ဘီအိုင်အေသို့
- ဂျပန်နှင့်ပေါင်းကာ ဗြိတိသျှကို တိုက်ခြင်း
- ဂျပန်တို့၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်
- မဟာမိတ်တို့နှင့်ပေါင်းကာ ဂျပန်ကို တိုက်ပြန်ခြင်း
- ဗြိတိသျှတို့၏ မြန်မာနိုင်ငံအုပ်ချုပ်ရေးကို ပြန်ပြောင်းသုံးသပ်ခြင်း
- ဖဆပလ၏ အမျိုးသားနိုင်ငံအစီအမံ
- ဖဆပလ နှစ်ခြမ်းကွဲခြင်း
- အိမ်စောင့်အစိုးရ
- ဦးနုတကျော့ပြန်
- စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီ
- မဆလ - တပါတီစနစ်
- ရှစ်လေးလုံးအရေးတော်ပုံ
- နဝတ - နအဖ စစ်အစိုးရများ
- ရွှေဝါရောင်တော်လှန်ရေး
- နာဂစ်ဖွဲ့စည်းပုံ အပြီးသတ်ခြင်း
- ကွန်မြူနစ်ပါတီ တည်ခြင်းမှ ပျက်ခြင်း
- နိုင်ငံရေးအဘိဓမ္မာနှင့် စုံလင်ကွဲပြားမှု အရှိတရား
- အမျိုး၊ ဘာသာ၊ သာသနာ
- ဝံသာနုရက္ခိတ
- မြန်မာနိုင်ငံနှင့်လက်ဝဲဝါဒ
- စစ်အုပ်စုနဲ့ မြန်မာနိုင်ငံ
- မြန်မာ့မြေမှာ လစ်ဘရယ်တန်ဖိုးတွေ ရှင်သန်ကြသလား
ဗြိတိသျှမြန်မာနိုင်ငံအကြောင်း တဖြတ်
ဗြိတိသျှစစ်ဗိုလ်ချုပ်၊ ဘားမားနယ်ခြားတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ်ဟောင်း J. F. Bowerman ပို့ချဆွေးနွေးချက်
နိုဝင်ဘာ ၇ ရက်၊ ၁၉၄၆ ခုနှစ် India and Burma Section မှ ကောက်နုတ်ချက်တပိုင်းတစ
......... စစ်မဖြစ်ခင်က ရှမ်းပြည်နယ်မှလွဲရင် အခြားဒေသတွေမှာ ဆက်သွယ်ရေး အလွန်နောက်ကျခဲ့ပါတယ်။ ချင်းနဲ့ နာဂတောင်တန်းတွေကို ချင်းတွင်းမြစ်ကနေ ပုံမှန်သင်္ဘောလိုင်းတွေနဲ့ ဆက်သွယ်ပြီး မြင်းလမ်းတွေကနေ သွားရပါတယ်။ မြစ်ကြီးနားဟာ ဗမာ့မီးရထားလမ်းရဲ့ မြောက်ဘက်အဆုံး ဘူတာဖြစ်ပြီး၊ ဗန်းမော်က ဧရာဝတီမြစ်ပေါ်မှာ ရှိပါတယ်။ အဲဒီမြို့တွေကနေ ကချင်တောင်တန်းဒေသတွေကို သွားရပါတယ်။ ရှမ်းပြည်နယ်မှာ မော်တော်ကားလမ်းကောင်းတွေ များစွာ ရှိပါတယ်။ တရုတ်ပြည်သွား ဗမာလမ်းမကြီးနဲ့ ယိုးဒယားသွား ရာသီပေါ်လမ်းလည်း ပါဝင်ပါတယ်။ မီးရထားလမ်းလည်း မြောက်ဘက်က လားရှိုးအထိ၊ တောင်ဘက်က တောင်ကြီးအနီးအထိ ရောက်ပါတယ်။
စက်မှုလုပ်ငန်းကတော့ ရှမ်းပြည်နယ်နဲ့ ကရင်နီမှလွဲရင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရတာချည်းပဲ ဖြစ်ပါတယ်။ အဲဒီစက်မှုလုပ်ငန်းပိုင်းမှာ အမျိုးသမီးတွေက မျှတတဲ့ပမာဏထက် ပိုပြီး အလုပ်လုပ်ကြရပါတယ်။ ချင်းနဲ့ ကချင်တောင်တန်းဒေသ အများစုမှာ အဓိကစားသုံးတဲ့ ဆန်စပါးဟာ လုံးဝကုန်ခါနီး ရှားပါးသွားတဲ့အချိန်တွေ မကြာခဏ ဖြစ်ပြီး၊ ဒေသခံတွေဟာ စားလို့ရတဲ့ အမြစ်တွေနဲ့ တခြားအစားထိုးစရာတွေကို ရှာဖွေစားသောက်ရပါတယ်။ ဒါကြောင့်ပဲ ချင်းနဲ့ ကချင်တွေဟာ တခြားလူမျိုးတွေအတွက် မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာတောင် ဂျပန်တွေကို တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မှာ စီးပွားရေးလုပ်ငန်းကြီးတွေထဲက တခုကတော့ ဗားမားကော်ပိုရေးရှင်း ဖြစ်ပါတယ်။ နမ္မတူနဲ့ ဘော်တွင်းက သတ္တုတွင်းတွေကနေ စစ်မဖြစ်ခင်က တနှစ်ကို ခဲ၊ သွပ်နဲ့ ငွေ တန်ချိန် ၅ သိန်းလောက် ထုတ်လုပ်ခဲ့ပြီး၊ အလုပ်သမား တသောင်းကျော် ခန့်ထားခဲ့ပါတယ်။ အဲဒီအလုပ်သမားအများစုက အိန္ဒိယက လာတဲ့သူတွေ ဖြစ်ပါတယ်။ ဗမာပြည်မှာ အလုပ်သမားရှားပါးပြီး၊ သူတို့ရတဲ့ လစာငွေတွေကိုလည်း နိုင်ငံပြင်ပကို ယူသွားကြပါတယ်။ တဖက်မှာလည်း ဒီလုပ်ငန်းက ရှမ်းပြည်နယ် ဖက်ဒရေးရှင်း ရန်ပုံငွေအတွက် အခွန်တွေ ပေးဆောင်ခဲ့ပြီး၊ မီးရထားလမ်းကလည်း သတ္တုတွင်းတွေဆီ ကုန်ပစ္စည်းတွေ များစွာ သယ်ပို့ခဲ့ပါတယ်။
ဆေးသုတ်ဆေးနဲ့ အရောင်တင်ဆေးတွေအတွက် တုန်းဆီ (တရုတ်သစ်ဆေး) ထုတ်လုပ်တဲ့ လုပ်ငန်းဟာလည်း စစ်မဖြစ်ခင်အထိ ခြေလှမ်းစတင်နေခဲ့ပါတယ်။ ဥရောပကုမ္ပဏီ ၄ ခုက စိုက်ခင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ခေါင်းဆောင်တွေနဲ့ ဒေသခံတွေကိုလည်း အပင်တွေ စိုက်ပျိုးဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။ အသီးတွေကို ဆီထုတ်စက်တပ်ဆင်ထားတဲ့ ကုမ္ပဏီတွေဆီ ရောင်းချနိုင်မယ့် အလားအလာတွေ ရှိခဲ့ပါတယ်။ စစ်ကြားကာလတွေမှာ တဖြည်းဖြည်း တိုးတက်လာပြီး ဗမာပြည်ကို တင်ပို့ခဲ့တဲ့ တခြားထုတ်ကုန်တွေကတော့ အာလူး (၁၉၃၂ ခုနှစ်မှာ တန်ချိန် ၅၀,၀၀၀၊ ၁၉၁၂ ခုနှစ်က တန်ချိန် ၅,၀၀၀ နဲ့ နှိုင်းယှဉ်ရင်)၊ လက်ဖက်၊ လိမ္မော်သီးနဲ့ ဂျုံ (၁၉၁၂ ခုနှစ်က တန်ချိန် ၈ ကနေ နှစ် ၂၀ ကြာတဲ့အခါ တန်ချိန် ၃,၀၀၀) တို့ ဖြစ်ပါတယ်။ အမြတ်အစွန်းတွေကို စိုက်ပျိုးသူတွေနဲ့ အိန္ဒိယနဲ့ တရုတ်လူမျိုးအများစုဖြစ်တဲ့ ပွဲစားတွေက ခွဲဝေယူကြပါတယ်။ ကျွန်းသစ်လုပ်ငန်းကိုလည်း ရှမ်းပြည်နယ်က နေရာအနှံ့မှာ လုပ်ကိုင်ကြပြီး၊ ဒေသခံအများအပြားကို အလုပ်အကိုင် ပေးနိုင်ခဲ့သလို၊ ဖက်ဒရေးရှင်းနဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တွေအတွက်လည်း အခွန်ဘဏ္ဍာငွေ ရရှိစေခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာလည်း မော်ချီးသတ္တုတွင်းက ဝူဖရမ်နဲ့ သွပ်သတ္တုတွေ ထုတ်လုပ်တဲ့နေရာမှာ လူပေါင်း ၃,၀၀၀ ကနေ ၄,၀၀၀ အထိ အလုပ်ခန့်ထားပြီး၊ စက်မှုလုပ်ငန်းကြီးတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဗားမားကော်ပိုရေးရှင်းလိုပဲ အလုပ်သမားအများစုက အိန္ဒိယကလာတဲ့သူတွေ ဖြစ်ပါတယ်။
စစ်မဖြစ်ခင်က နယ်စပ်ဒေသတွေဟာ “ဇယားကျဒေသတွေ” လို့ ခေါ်ဝေါ်ခဲ့ပြီး၊ ဗမာပြည်နဲ့ သီးခြားဖြစ်တဲ့ သွယ်ဝိုက်အုပ်ချုပ်မှု မူအောက်မှာ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ခေါင်းဆောင်တွေကနေတဆင့် အုပ်ချုပ်ပြီး၊ တိုင်းရင်းသားဒေသတွေမှာတော့ ဒေသအလိုက် ကွဲပြားတဲ့ အုပ်ချုပ်ရေးပုံစံတွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်အများစုက ဖက်ဒရေးရှင်းတခုအဖြစ် စုဖွဲ့ထားပြီး၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ဘဏ္ဍာရေးအရ ကိုယ့်ဖာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ တခြားဇယားကျဒေသတွေကတော့ ဗမာပြည်က ဝင်ငွေတွေရဲ့ အကူအညီ မရရင် အုပ်ချုပ်ရေး လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။
ဒီဒေသတွေတလျှောက်မှာ အထွေထွေအုပ်ချုပ်ရေးကို ဗမာနယ်စပ်ဝန်ထမ်းအဖွဲ့က အရာရှိတွေကပဲ အဓိက ကြီးကြပ်ခဲ့ကြပါတယ်။ သူတို့ကို အဲဒီဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ဖက်ဒရေးရှင်းဝန်ဆောင်မှုတွေဖြစ်တဲ့ ပြည်သူ့ဆောက်လုပ်ရေးနဲ့ ပညာရေးတွေအတွက် အရာရှိတွေကို တိုက်ရိုက်ခန့်အပ်ခဲ့ပါတယ်။ တခြားတိုင်းရင်းသားဒေသတွေမှာတော့ ဌာနအသီးသီးအတွက် အရာရှိတွေကို ဗမာပြည်အစိုးရကနေ စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ ဗမာအရာရှိ အလွန်နည်းခဲ့တာ မှတ်သားဖွယ် ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ တောင်တန်းဒေသတွေက ဗမာတွေအတွက် မကြိုက်နှစ်သက်စရာ ဖြစ်နေလို့ပါ။ တဖက်က ဒေသရဲ့ ခေါင်းပါးမှုကြောင့် ဖြစ်သလို၊ နောက်တဖက်မှာလည်း တောင်တန်းသားတွေနဲ့ မြို့ပြက လူတွေကြား နှစ်ဦးနှစ်ဖက် မကြိုက်တဲ့စိတ် အချို့ရှိနေလို့ပါ။ ပြည်နယ်ကြီးတချို့မှာ ပြည်နယ်ရန်ပုံငွေနဲ့ ကျောင်းတွေနဲ့ ဆေးရုံတွေလည်း သီးခြားရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်ပြင်ပမှာတော့ ဆေးရုံတွေ နည်းပါးပြီး ရှားပါးခဲ့ပါတယ်။ စက်ကိရိယာတွေ ညံ့ဖျင်းပြီး အများအားဖြင့် အိန္ဒိယလူမျိုးတွေကပဲ လုပ်ကိုင်ကြပါတယ်။
..........................

Chronological History of Myanmar
စာချုပ်စာတမ်းများ စုစည်းမှု
- Treaty of Friendship and Alliance between the British East India Company and Alaung Phaya
- Treaty of Yandaboo
- Agreement Regarding the Independence of Western Karenni
- Proclamation of subduing Burma Under the British Empire
- The Constitution of Burma, Under Japanese Occupation
- The Kandy Treaty ကန္ဒီစာချုပ် (In Burmese)
- Aung San - Atlee Treaty
- Panglong Agreement - In Burmese
- Nu - Atlee Agreement - In Burmese
- Lat Ya - Freeman Agreement - In Burmese
- 1961 Federal Principles proposed by Shan Government
- မာနယ်ပလောစာချုပ် - ၁၉၉၂
- မဲသရောထသဘောတူညီချက် - ၁၉၉၇
- သူးမွဲကလိုးသဘောတူညီချက် - ၁၉၉၈
- Nationwide Ceasefire Agreement - In Burmese
- Union Accord - In Burmese
- ပန်ခမ်းအစည်းအဝေးကြေငြာချက်
- FPNCC ကြေငြာချက်
- Federal Democracy Charter - First Version - English
- Federal Democracy Charter - Second Version - Part I - English
- Federal Democracy Charter - Second Version - Part 2 - English
- International Humanitarian Law (Law of Armed Conflict) - Burmese
Site powered by Weebly. Managed by Porkbun